ကျွန်ုပ်တို့ ဆေးတက္ကသိုလ် (တောင်ကြီး) ယာယီတက္ကသိုလ်ကောင်စီသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်ကြသော ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူခွင့် မဆုံးရှုံးစေရန်နှင့် စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် အစဥ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိသည်။ တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ တက္ကသိုလ်တက်ရောက်ရန် ကြာမြင့်စွာ စောင့်ဆိုင်းနေကြရသော ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် CDM ကျောင်းသားကျောင်းသူများအတွက် လည်းကောင်း၊ စစ်ကျွန်ပညာရေးကိုလက်မခံဘဲ မိမိအစီအစဉ်ဖြင့် အထက်တန်းပညာကို ပြီးဆုံးအောင် ကြိုးပမ်းထားကြသော CDM ကျောင်းသားကျောင်းသူများအတွက်လည်းကောင်း ဆေးတက္ကသိုလ်(တောင်ကြီး) ယာယီတက္ကသိုလ်ကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အပါအဝင် မိတ်ဖက် တက္ကသိုလ်များနှင့် လက်တွဲ၍ ယခု (၄/၂၀၂၄) တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်းကို ကြိုးစားဆောင်ရွက်လိုက်ပါသည်။
ဆေးတက္ကသိုလ်(တောင်ကြီး)၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဆေးပညာဘွဲ့ .Bachelor of Medicine, Bachelor of Surgery (MBBS) သို့ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်။
(၁) ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ
(၂) အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာန ၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ကို အောင်မြင်ထားသူများ
(၃) တိုင်းရင်းသား ပညာရေးစနစ်များမှ အထက်တန်းပညာ ပြီးမြောက် အောင်မြင်ထားသူများ
(၄) GED (General Education Development) စာမေးပွဲကို ဖြေဆိုအောင်မြင်ထားသူများ
(၅) IGCSE (International General Certificate of Secondary Education) စာမေးပွဲကို ဖြေဆို အောင်မြင်ထားသူများ
(၆) ပညာရေးအဖွဲ့၊ ဆေးတက္ကသိုလ်(တောင်ကြီး) ၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည် ဖြစ်ပါသည်။
အထက်ဖော်ပြပါတက္ကသိုလ်ဝင်ခွင့်သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် စတင်ခေါ်ယူမည့် ဝင်ခွင့်အတွက် သတ်မှတ်ချက်များဖြစ်ပါသည်။ လျှောက်ထားလိုသော ကျောင်းသားကျောင်းသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ မြန်မာပညာရေးစနစ် [ Myanmar Education System (MES) ] မှတစ်ဆင့်လျှောက်ထားနိုင်ပါသည်။
မြန်မာပညာရေးစနစ် [ Myanmar Education System (MES) ] – https://mes.moeedu.org/login
MES မှတဆင့် ဝင်ခွင့်လျှောက်ထားရန် လမ်းညွှန် – https://tinyurl.com/MESadmission-nugmoe2023oct
MES နှင့် ပတ်သတ်သော မေးခွန်းများအတွက် ဆက်သွယ်ရန် – https://t.me/UniversityEntranceHandbookNUGMoE
ဆေးတက္ကသိုလ်(တောင်ကြီး) ၏ telegram channel – https://t.me/umtgiiuc
တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် သတ်မှတ်ထားသော ခုံအရေအတွက် အချိုးအရ အောက်ပါဦးစားပေးအစီအစဥ်အတိုင်း ခေါ်ယူသွားပါမည်။
(၁) လျှောက်ထားသူများသည် မိမိ၏ကိုယ်ရေးအချက်အလက် လိုင်စင်ဓါတ်ပုံများကို ပေးထားသောဖောင်တွင် ဖြည့်သွင်းရမည်။ ထိုဖောင်တွင်ဖြည့်သွင်းထားသော email လိပ်စာအတိုင်း ၀င်ခွင့်ဖြေဆိုရမည့် Moodle platform အသုံးပြုနည်းနှင့် Moodle account တို့ကို ပေးပို့သွားပါမည်။ စာရောက်မရောက်ကို မိမိemail၏ Primary/Promotions/Updates နှင့် Spam mailပါမကျန် စစ်ဆေးရန်လိုပါမည်။
(၂) လေ့လာရမည့် စာအုပ်စာတမ်း ဗီဒီယိုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဆေးတောင်ကြီးကိုလျှောက်ထားမည့်သူများ ကြိုတင်လေ့လာနိုင်ပါသည်။
(၃) စာမေးပွဲစစ်ဆေးခြင်း
Moodle account ရလျှင် ညွှန်ကြားချက်အတိုင်းဝင်ရောက်ပြီး မြန်မာစာနှင့် ဆေးပညာအခြေခံဘာသာရပ်ကို သတ်မှတ်ထားသောရက်အတွင်း ဖြေဆိုရမည် ဖြစ်သည်။
English Language Proficiency Testကို ဖြေဆိုနည်းအား ဗီဒီယိုတွင်ရှင်းပြထားပါသည်။
See video here
email ပို့သည့်နေ့မှစ၍ တစ်ပတ်အတွင်း ဖြေဆိုထားသောအမှတ်ကိုသာ လက်ခံပါမည်။
ဖောင်၌ဖြည့်သွင်းထားသော emailလိပ်စာနှင့်သာ ၀င်ရောက်ဖြေဆိုရန်လိုပါသည်။ သို့မှသာ ရလဒ်ကို ဆေးတောင်ကြီးပညာရေးအဖွဲ့မှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
(၄) တက္ကသိုလ်၀င်ခွင့်ရွေးချယ်ရာ၌ အမှတ်ပေးစည်းမျဥ်းတွင် အောက်ပါ Preference Criteria အချက်များကို အမှတ်အနေနှင့် ထည့်သွင်းတွက်ချက်ပါမည်။
ပေးထားသောဖောင်တွင် တော်လှန်ရေးတွင် ပါဝင်ခဲ့ပုံကို အကျဥ်းရုံး စာစီ၍လည်းကောင်း၊ ယုံကြည်စိတ်ချရသော လူပုဂ္ဂိုလ် အဖွဲ့အစည်းမှ ထောက်ခံချက်မူရင်းကို တင်သွင်း၍လည်းကောင်း၊ ဆန္ဒပြရာတွင်၊ ထောက်ပို့ ကလစ်ရာတွင် ပါ၀င်ခဲ့ပုံများကို ဓါတ်ပုံ Screenshot များတင်သွင်း၍လည်းကောင်း တင်ပြရပါမည်။
(၅) လူတွေ့စစ်ဆေးခြင်း
Moodle platform စာမေးပွဲစစ်ပြီးသည့်အချိန်တွင် လူတွေ့စစ်ဆေးမည့် အချိန်၊ ရက်နှင့် ၀င်ရောက်ရမည့် Zoom linkကို emailပို့ပေးပါမည်။
Zoom link အသုံးပြုနည်းနှင့် လူတွေ့စစ်ဆေးရာတွင်လိုက်နာရမည့် အချက်များကို အောက်ပါဗီဒီယိုတွင် ရှင်းပြထားပါသည်။
See video here
(၆) အမှတ်ပေးစည်းမျဥ်း
တက္ကသိုလ်၀င်တန်း စာမေးပွဲအမှတ် = 25%
ဆေးတောင်ကြီး ၀င်ခွင့်စာမေးပွဲ အမှတ် = 40%
ထောက်ခံစာ၊ Preference criteria = 10%
ဓါတ်ပုံများ = 5%
လူတွေ့စစ်ဆေးခြင်း အမှတ် = 20%
အမှတ်များရာမှနည်းရာသို့ စီစဥ်ကာ သတ်မှတ်လူဦးရေအတိုင်း ဆေးတောင်ကြီး၀င်ခွင့်ကို ရရှိမှာဖြစ်ပါသည်။ ဝင်ခွင်ရရှိသူစာရင်းကို MES သို့ ပို့ပေးပြီး MESမှ မည်သည့်တက္ကသိုလ်တက်ခွင့်ရကြောင်း ကြေငြာပေးပါမည်။
မှတ်ချက်။ ။ အထက်ဖော်ပြပါ အချက်အလက်များသည် ဝင်ခွင့်ရွေးချယ်ရေးလုပ်ငန်းစဉ်များအတွင်း အဓိကကျသော အချက်များကိုသာဖော်ပြထားခြင်းဖြစ်သည်။ ဆေးတက္ကသိုလ်(တောင်ကြီး) တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့၏ အဆုံးအဖြတ်သည်သာ အပြီးအပြတ် အတည်ဖြစ်သည်။