📣📣📣 ဆေးတက္ကသိုလ် တောင်ကြီး ကြားကာလသင်ကြား ရေး ကောင်စီက ဖွင့်လှစ် သော ၂၀၂၄ ပညာသင်နှစ် Foundation Year မှ Final Part-1အထိ သင်တန်းများကို တက် ရောက်ရန် စာရင်း ပေးထားကြ သော ကျောင်းသူ ကျောင်းသားများအား စိစစ်၍ အ ကြောင်းကြားစာများကို အီးမေးလ် မှတဆင့် စတင်ပို နေပြီ ဖြစ်ပါသည်။ ထို ကြောင့် မိမိတို၏ အီးမေးလ်များကို သေချာစွာစစ် ဆေး ပေးကြပါရန် နှိးဆော်ပါသည်။ 📢
Moodle account နှင့် password များကို အသုံးပြု၍ moodle platform သိုဝင် ရောက်ပြီး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ကြိုတင်လေ့လာကြည့်ရှုနိုင်ပါပြီ။ 🤯 အခက်အခဲတစုံတရာဖြစ်ပေါ်ပါက Facebook page messengerမှဖြစ်စေ၊ Telegram channel (https://t.me/umtgiiuc) မှဖြစ်စေ မေးမြန်းနိုင်ပါသည်။
👉 2nd MB နှင့် Final Part-1 (PSM) ကို မတ်လ ပထမအပတ် မှ စတင်၍လည်းကောင်း၊
3rd MB ကို မတ်လ တတိယအပတ် မှစတင်၍ လည်းကောင်း၊
Foundation year Semester-1 သင်ခန်းစာများကို မတ်လအတွင်းတွင် လည်းကောင်း(အချိန်ပြန်လည်ကြေငြာပါမည်) Week1 အဖြစ်စတင်သတ်မှတ်ပါမည်။
📌 သိုသော် ထိုသင်တန်းများမတိုင်ခင် UMTGI ကျောင်းသူကျောင်းသားတိုင်း TCCC(Tactical Combat Casualty Care) သင်တန်းကိုမဖြစ်မနေတက်ရောက်ရန် လိုပါသည်။၂ပတ်သင်တန်းဖြစ်ပြီး ၁၉/၂/၂၀၂၄တွင် ဖွင့်လှစ်ထားကာ စတင်လေ့လာနိုင်ပြီဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် Completion Test ဖြေဆိုရမည်ဖြစ်ပြီး Certificate of completion ကိုပေးအပ်သွားပါမည်။ ယခုကာလအတွက် ကျောင်းသားလူငယ်တိုင်း မဖြစ်မနေသိသင့်သော သင်တန်းဖြစ်သည့်အတွက် သေချာစွာ ကြိုးစားလေ့လာအားထုတ်ကြရန် တိုက်တွန်းလိုက်ပါသည်။
ဆေးတက္ကသိုလ်တောင်ကြီး စီဒီအမ်လှုပ်ရှားမှုတွင် ပါဝင်ကြသော ကျောင်းသားများနှင့် ကျောင်းပြန်တက်သွားသော နန်းစီဒီအမ် ကျောင်းသားများကို တော်လှန်ရေး ပထမနှစ်များတုန်းက ကွဲကွဲပြားပြားသိရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စာရင်းမှားယွင်းနိုင်သည့်အတွက် အတိအကျသိရှိနိုင်ရန် ပြန်လည်ကောက်ခံခြင်း ဖြစ်ပါသည်။ ကောက်ခံရရှိသော သတင်းအချက်အလက်များ လုံးဝပေါက်ကြားမှုမရှိစေရန် တာဝန်ယူပါသည်။
စာရင်းမဖြည့်သွင်းထားသော ကျောင်းသားများသည် စကစ ကျောင်းပြန်တက်နေပြီဟု သဘောရသည့်အတွက် နန်းစီဒီအမ်အဖြစ်စာရင်းမှတ်ထားပါမည်။ ထိုကြောင့် မိမိနှင့်နီးစပ်ရာ UMTGI CDM ကျောင်းသားများအား ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံပါသည်။
ယခု Link သိုဝင်ရောက်ပြီး အတန်းသစ် တက်ရောက်ရန် တခါတည်း စာရင်းပေးနိုင်ပါသည်။ IUC ပညာရေးအဖွဲက စိစစ်ပြီးလျှင် အတန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ Online campus တွင်မည်သိုလေ့လာရမည် စသည့် ညွှန်ကြားချက်များ နှင့် Moodle account များကို အီးမေး ပေးပို ဆက်သွယ်ပါမည်။