UMTGI IUC (2026-2027) Academic Year
MBBS Program
ပေးအပ်မည့်ဘွဲ့
Bachelor of Medicine, Bachelor of Surgery (MBBS)
လက်ခံသင်ကြားမည့် ဦးရေ
၅၀ ဦး
သင်တန်းကာလ
စာသင်ကာလ – ၆ နှစ်
အလုပ်သင်ကာလ – ၁ နှစ်
ဆေးတက္ကသိုလ် တောင်ကြီး၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဆေးပညာဘွဲ့ MBBS သင်တန်းသို့ တက်ရောက်ခွင့် လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲ ရေးဖြေ (Basic Medical Science – BMS) ဘာသာရပ်နှင့် English Proficiency Test ကို ဖြေဆိုရမည်၊၊ ရေးဖြေအောင်မြင်ပြီးပါက နောက်ဆုံး လူတွေ့ နှုတ်မေးစာမေးပွဲ (Viva)ကို ဖြေဆိုရမည်ဖြစ်သည်၊၊ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ နှစ်ခုပေါင်း အမှတ်အများဆုံး ကျောင်းသား ၅၀ ယောက် ကိုသာ တက်ရောက်ရန်ရွေးချယ်မည် ဖြစ်သည်။
ဆေးတက္ကသိုလ် တောင်ကြီး၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဆေးပညာဘွဲ့ MBBS သင်တန်းသို့ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
(၁) ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ
- (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) သိပ္ပံတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။
- ဇီဝ၊ ဓာတု၊ ရူပဘာသာများတွင် ရမှတ် ၇၀ နှင့်အထက် ရရှိရမည်။
- အင်္ဂလိပ်စာ ရမှတ် ၆၀ နှင့်အထက် ရရှိရမည်။
- စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက် ရရှိရမည်။
(၂) BECA စာမေးပွဲ (Basic Education Completion Assessment) အောင်မြင်သူများ
- သိပ္ပံတွဲဘာသာများဖြင့် အောင်မြင်သူ ဖြစ်ရမည်။
- ဇီဝ၊ ဓာတု၊ ရူပဘာသာများတွင် အဆင့် B* နှင့်အထက် ရရှိရမည်။
- အင်္ဂလိပ်စာတွင် အဆင့် B နှင့်အထက် ရရှိရမည်။
(၃) GED (General Education Develpment) အောင်မြင်သူများ
- Science နှင့် Mathematical Reasoning တွင် 165 နှင့်အထက် ရရှိရမည်။
- RLA (Reasoning Through Language Arts) နှင့် Social Studies တွင် 145 နှင့်အထက် ရရှိရမည်။
(၄) IGCSE (International General Certificate of Secondary Education) အောင်မြင်သူများ
- Biology, Chemistry, Human Biology, Mathematics B, Physics တွင် Grade B နှင့်အထက် ရရှိရမည်။
- English as Second Language တွင် Grade C နှင့်အထက် ရရှိရမည်။
(၅) အထွေထွေ စည်းကမ်းချက်များ
- လျှောက်ထားသည့်နေ့တွင် အသက် ၂၅ နှစ် မကျော်လွန်ရ။
- အခြား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွင် တက်ရောက်နေသူ မဖြစ်ရ။
- ရွေးချယ်ခံရပါက သင်တန်းပေါ်တွင် အပြည့်အဝ အာရုံစိုက်နိုင်သူ ဖြစ်ရမည်။
- အခြားတက္ကသိုလ်တွင် CDM ပြုလုပ်ထားပါကပထမနှစ် CDM များသာ လက်ခံမည်။ (စစ်တပ်အာဏာသိမ်းပြီးနောက် ပထမနှစ် တက်လက်စ CDMကျောင်းသားများကိုသာ လက်ခံပါမည်)
- အခြားတက္ကသိုလ်တွင် တက်ရောက်လျက်ရှိသော သို့မဟုတ် CDM လုပ်ထားသော ဒုတိယနှစ်နှင့်အထက် ကျောင်းသားများအား လုံး၀လက်ခံမည်မဟုတ်ပါ၊၊ ********
ထိုသူများသည် မိမိတက္ကသိုလ်ကောင်စီနှင့် ဆက်သွယ်၍ မိမိတက္ကသိုလ်တွင်သာ ဆက်လက်တက်ရောက်ရမည် သာဖြစ်သည်၊၊ ထိုသူများသည် မိမိတို့ဆေးတက္ကသိုလ်တွင် တက်ရောက်နေကြောင်း စုံစမ်းတွေ့ရှိပါက ထုတ်ပယ်ခံရမည် ဖြစ်သည်၊၊
(၆) နောက်ဆုံး ဆုံးဖြတ်ချက်
အငြင်းပွားဖွယ်ရာ ကိစ္စများပေါ်ပေါက်လာပါက မိမိတို့ ဆေးတက္ကသိုလ် တောင်ကြီး၊ ယာယီတက္ကသိုလ်ကောင်စီ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
*** တက္ကသိုလ် ဝင်ခွင့်ဆိုင်ရာ လမ်းညွန်စာအုပ်ကို သေချာနားလည်အောင်ဖတ်ပြီးမှ လျောက်ထားပါရန်***
“Even in the darkest days of oppression, we choose to become doctors — because a free nation will need healing hands, brave hearts, and minds trained not for profit, but for the people.”
