၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားအသစ်ခေါ်ယူခြင်း
တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် အခြေခံပညာ ပြီးမြောက်ထားသည့် စီဒီအမ် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့အချိန်အထိ ရှေ့ဆက်ပညာသင်ယူခြင်းမပြုကြဘဲ တရားမဝင် စစ်ကောင်စီ ၏ ယန္တယားကို အကြမ်းမဖက် အာဏာဖီဆန်လျက်ရှိနေကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မိမိတို့ ဆေးက္ကသိုလ် (တောင်ကြီး) ယာယီတက္ကသိုလ်ကောင်စီသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွန်ချက်နှင့်အညီ သက်ဆိုင်ရာ ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲများ နှင့် ပူးပေါင်းကာ CDM ကျောင်းသားများ စဉ်ဆက်မပျက်ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်များအလိုက် ဆေးပညာကို ဆက်လက်တက်ရောက် သင်ယူနိုင်ရန်အတွက် ဆေးတက္ကသိုလ် (တောင်ကြီး) ယာယီတက္ကသိုလ်ကောင်စီမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဒုတိယအကြိမ်မြောက် ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူလိုက်ပါသည်။
“In the face of dictatorship, we choose knowledge over fear. Entering medical school is not just a dream, but a duty — to heal our people during the revolution and to rebuild a stronger future for healthcare after freedom is won.”
