2026-2027 University Entrance Exam Timetable


၂၀၂၆-၂၀၂၇ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအချိန်ဇယား ကြေညာခြင်း


ဆေးတက္ကသိုလ်-တောင်ကြီးတွင် ဝင်လျောက်ထားသော ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် (Entrance Exam) ကို အောက်ပါအချိန်ဇယားအတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ရေးဖြေစာမေးပွဲကို အောက်ပါအချိန်ဇယားအတိုင်း ကျင်းပသွားမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုရမည့်ရက် ၃၁-၃-၂၀၂၆
အချိန်ညနေ ၆နာရီမှ ၈နာရီအထိ
ဖြေဆိုရမည့်ဘာသာBasic Medical Science & English Language Proficiency Test (Reading and Listening)
ကြာချိန်တစ်ဘာသာလျှင် တစ်နာရီစီ ဆက်တိုက် ဖြေဆိုရမည်
ဖြေဆိုရမည့် PlatformMoodle
  • ဝင်ခွင့်ဖြေဆိုရမည့်ကျောင်းသားများကို မတ်လ ၃၁ ရက်နေ့ မတိုင်ခင်ရက်ပိုင်းအတွင် Email မှ တဆင့် အသေးစိတ်အကြောင်းကြားပေးသွားမည်ဖြစ်သည်။
  • ရေးဖြေအောင်မြင်သောသူများသည် နှုတ်မေးစာမေးပွဲကို ဆက်လက်ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအပြီး ရက်ပိုင်းအတွင်းအကြောင်းကြားပေးသွားမည်ဖြစ်သည်။
  • မှတ်ချက်။ ။ ကျောင်းသားများသည် ဝင်ခွင့်စာမေးပွဲကို ယခုသတ်မှတ်ထားသည့် နေ့ရက်/အချိန်အတွင်း တစ်ကြိမ်သာ ဖြေဆိုနိုင်မည်ဖြစ်ပြီး ထိုအချိန်အတွင်း အင်တာနက်ရရှိရန်မဖြစ်မနေလိုအပ်ပါသည်။